DIVE INTO CODEとミャンマー連邦共和国のClover Mandalay Co., Ltdは、プログラミング学習と若年層の雇用創出の推進を目的とした業務提携について協働合意書を締結いたしました

2020年6月15日

全般

Image from Gyazo

DIVE INTO CODEとミャンマー連邦共和国のClover Mandalay Co., Ltdは、プログラミング学習と若年層の雇用創出の推進を目的とした業務提携について協働合意書を締結いたしました

DIVE INTO CODE နှင့် ပြည်ထောင်စုသမ္မတမြန်မာနို်င်ငံမှ Clover Mandalay Co., Ltd တို့သည် ပရိုဂရမ်းမင်းလေ့လာခြင်းနှင့် လူငယ်လူရွယ်များအတွက် အလုပ်အကိုင်အသစ်များ ဖန်တီးနိုင်ရန် ရည်ရွယ်ချက်ဖြင့် လုပ်ငန်းအတူတကွလက်တွဲလုပ်ဆောင်ရန် ပူးပေါင်းဆောင်ရွက်မှုသဘောတူညီလွှာကို ချုပ်ဆိုခဲ့ကြပါသည်

株式会社DIVE INTO CODE(東京都渋谷区、代表:野呂 浩良)は2020年6月15日、ミャンマー連邦共和国のClover Mandalay Co., Ltd(ミャンマー連邦共和国マンダレー市、代表:CHIT SU WAI 氏)と、プログラミング学習と若年層の雇用創出の推進を目的とした業務提携について協働合意書を締結いたしました。当該合意書によってミャンマーで日本語教育事業を運営するClover Mandalay Co., Ltdと協業し、Clover Mandalay Co., Ltdの運営するスクール「KAKEHASHI」にて、開発言語のRubyやPythonを扱うDIVE INTO CODEのカリキュラムを提供することで、若年層の雇用の創出という国際的課題に取り組み、実務で活躍できるまでの機会を提供いたします。

၂၀၂၀ခုနှစ် ဇွန်လ ၁၅ရက်
DIVE INTO CODE ကုမ္ပဏီလီမိတက် (တိုကျိုမြို့တော် ရှီဘုရရပ်ကွက်၊ ကိုယ်စားပြုဒါရိုက်တာ - မစ္စတာ ဟိရိုယိုရှိ နိုရို) သည် ၂၀၂၀ခုနှစ် ဇွန်လ ၁၅ရက်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံရှိ Clover Mandalay ကုမ္ပဏီလီမိတက် (ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ မန္တလေးမြို့တော်၊ မန်နေဂျင်းဒါရိုက်တာ - ဒေါ်ချစ်စုဝေ) နှင့် ပရိုဂရမ်းမင်း လေ့လာသင်ယူခြင်း၊ လူငယ်လူရွယ်များ အတွက် အလုပ်အကိုင်အသစ်များ ဖန်တီးနိုင်ရန် ရည်ရွယ်ချက်ဖြင့် လုပ်ငန်းအတူတကွ လက်တွဲလုပ်ဆောင်ရန် ပူးပေါင်းဆောင်ရွက်မှုသဘောတူညီလွှာကို ချုပ်ဆိုခဲ့ကြပါသည်။ ထိုသဘောတူညီလွှာအရ မြန်မာနိုင်ငံတွင် ဂျပန်ဘာသာစကားသင်ကြားခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသော Clover Mandalay Co., Ltd နှင့် လုပ်ငန်းပူးပေါင်း၍၊ Clover Mandalay Co., Ltd မှ ဖွင့်လှစ်ထားသော သင်တန်းကျောင်း “KAKEHASHI” တွင် ပရိုဂရမ်းမင်းဖန်တီးမှုဘာသာစကားများဖြစ်သည့် Ruby နှင့် Python ကို အသုံးပြုသော DIVE INTO CODE ၏ သင်ရိုးညွှန်းတမ်းကို အထောက်အပံ့ပေးခြင်းဖြင့် လူငယ်လူရွယ်များ၏ အလုပ်အကိုင်အသစ်များဖန်တီးခြင်းဆိုသည့် နိုင်ငံတကာဆိုင်ရာကိစ္စရပ်များတွင် ပါဝင်၍၊ လုပ်ငန်းခွင်တွင် လက်တွေ့အသုံးချနိုင်သည်အထိ အခွင့်အလမ်းများကို ပေးအပ်ထောက်ပံ့သွားမှာ ဖြစ်ပါသည်။

Image from Gyazo

Image from Gyazo

■協働合意書の概要

DIVE INTO CODEではこれまで、アフリカ全土で不足している、OJTの機会提供の場となる「就職機会」と「仕事」に着目し、2017年8月から、IT教育と雇用の分野において、「学び」が「仕事」に繋がり「自立」にも繋がるよう、持続可能な仕組みづくりをルワンダで実証し、アフリカ全土に広げるための活動を続けてまいりました。

ပူးပေါင်းဆောင်ရွက်မှုသဘောတူညီလွှာအကြောင်း
DIVE INTO CODE တွင် ယခုတိုင် အာဖရိကတစ်ဝှမ်းလုံးတွင် မလုံလောက်သော OJT အခွင့်အလမ်းများထောက်ပံ့သည့်နေရာအဖြစ် “အလုပ်အကိုင်အခွင့်အလမ်း” နှင့် “အလုပ်လုပ်ကိုင်ခြင်း” ကို အဓိကထား၍ ၂၀၁၇ခုနှစ် သြဂုတ်လမှစတင်ကာ IT ပညာသင်ကြားခြင်းနှင့် အလုပ်ခန့်အပ်ခြင်း နယ်ပယ်များတွင် “သင်ယူခြင်း” မှ “အလုပ်လုပ်ကိုင်ခြင်း” သို့ ဆက်စပ်၍ “မိမိဘာသာရပ်တည်နိုင်ခြင်း” နှင့်လည်း ဆက်စပ်မှုရှိစေရန် ချိတ်ဆက်ဆောင်ရွက်နိုင်သောဖွဲ့စည်းတည်ဆောက်မှုပုံစံကို ရဝန်ဒါ (Rwanda) တွင် လက်တွေ့အကောင်အထည်ဖော်ခဲ့ကာ အာဖရိကနယ်မြေတစ်ခုလုံးကို ဖြန့်ကျက်ရန်အတွက် လှုပ်ရှားမှုများကို အစဉ်အပြတ် လုပ်ဆောင်လာခဲ့ပါသည်။

さらに、アフリカのみならずアジアにもその活動を広げるため、「アジアのラストフロンティア」と呼ばれるミャンマー連邦共和国における活動を開始。そしてこのたび、DIVE INTO CODEはClover Mandalay Co., Ltdのご支援をいただき、DIVE INTO CODEとしては創業以来初めての海外の日本語教育事業を運営する機関との提携により、本格的に事業展開できることとなりました。

ထပ်မံ၍ အာဖရိကတွင်သာမက အာရှတွင်လည်း ထိုလှုပ်ရှားမှုကို ဖြန့်ကျက်ရန်အတွက် “အာရှ၏ နောက်ဆုံးနယ်မြေအဖွင့်” ဟု ခေါ်ဆိုကြသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် လှုပ်ရှားမှုကို စတင်ခဲ့ပါသည်။ ထို့ပြင် ယခုတစ်ခေါက်တွင် DIVE INTO CODE သည် Clover Mandalay Co., Ltd ၏ အထောက်အပံ့ကိုရယူ၍ DIVE INTO CODE အနေနှင့် တည်ထောင်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် နိုင်ငံရပ်ခြားရှိ ဂျပန်ဘာသာစကားသင်ကြားခြင်းလုပ်ငန်းကိုလုပ်ကိုင်သည့် အဖွဲ့အစည်းနှင့် ချိတ်ဆက်မှုမှတဆင့် ထဲထဲဝင်ဝင် လုပ်ငန်းတိုးချဲ့ဆောင်ရွက်ရန် လုပ်နိုင်လာခဲ့ပါသည်။

協働合意書の内容としては、DIVE INTO CODEのWebエンジニアコースや機械学習エンジニアコースなどのカリキュラムを提供し、現地のClover Mandalay Co., Ltdにプログラミングスクールの運営方法を承継します。また、DIVE INTO CODEのオンライン学習システム「DIVER」を通して、多国籍な教育メンターのオンラインサポートにより、実務で活躍できる実践的なプログラミング学習を提供して、失業率の高いミャンマーで雇用機会や自立支援を創造するエコシステムの構築を目指します。一方、Clover Mandalay Co., Ltdは現地での受講生の募集やスクール運営を行う会場の提供、運営を行います。

ပူးပေါင်းဆောင်ရွက်မှုသဘောတူညီလွှာပါ အကြောင်းအရာအနေနှင့် DIVE INTO CODE ၏ Web အင်ဂျင်နီယာသင်ရိုးနှင့် လူလုပ်ဉာဏ်ရည်တု (AI) အင်ဂျင်နီယာသင်ရိုးများဖြင့် သင်ရိုးညွှန်းတမ်းကို ထောက်ပံ့၍ မြန်မာနိုင်ငံရှိ Clover Mandalay Co., Ltd တွင် ပရိုဂရမ်းမင်းသင်တန်းကျောင်း ဖွင့်လှစ် ဆောင်ရွက်ခြင်းနည်းလမ်းများကို လက်ခံကျင့်သုံးသွားမှာဖြစ်ပါသည်။ ထို့ပြင် DIVE INTO COE ၏ အွန်လိုင်းသင်ယူခြင်းစနစ် “DIVER” မှ တဆင့် နိုင်ငံသားဖြစ်တည်ခံယူမှုများစွာရှိသည့် သင်ကြားရေးဆရာ၊ ဆရာမများ၏ အွန်လိုင်းထောက်ပံ့မှုများမှတဆင့် လက်တွေ့လုပ်ငန်းခွင်တွင် အသုံးပြုနိုင်သော လက်တွေ့အသုံးချပရိုဂရမ်းမင်းသင်ကြားခြင်းကို ထောက်ပံ့၍ အလုပ်အကိုင် မရရှိမှုနှုန်းများသည့် မြန်မာနိုင်ငံတွင် အလုပ်အကိုင်အခွင့်အလမ်းနှင့် မိမိဘာသာရပ်တည်နိုင်ရန် ကူညီထောက်ပံ့မှုကို တည်ဆောက်နိုင်သည့် အီကိုစနစ်ဖွဲ့စည်းမှုကို ဦးတည်ပါသည်။
တဖက်မှာလည်း Clover Mandalay Co., Ltd သည် မြန်မာနိုင်ငံတွင်းရှိ လေ့လာသင်ယူသူများ ခေါ်ယူခြင်းနှင့် သင်တန်းများဖွင့်လှစ်ဆောင်ရွက်ခြင်းကိုလုပ်ဆောင်မည့် နေရာထောက်ပံ့ခြင်း၊ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းကို လုပ်ဆောင်သွားမှာဖြစ်ပါသည်။

私たちはDIVE INTO CODE東京校で培ったノウハウとオンライン教育を通して、アフリカ全土、そしてアジアへと「人生は自分で切り拓ける」という希望を広げていきます。

ကျွန်တော်တို့ DIVE INTO CODE တိုကျိုကျောင်းမှာ ပျိုးထောင်လာခဲ့သည့် Know How နှင့် အွန်လိုင်းပညာသင်ကြားခြင်းမှတဆင့် အာဖရိကတစ်ဝှမ်း၊ ထို့နောက် အာရှသို့ “ဘဝကိုမိမိကိုယ်တိုင်လမ်းဖောက်နိုင်ခြင်း” ဆိုတဲ့ မျှော်လင့်ချက်များကို ဖြန့်ကျက်သွားပါမည်။

Image from Gyazo

■協働合意書の目的

DIVE INTO CODEは、人種、国籍、年齢、職歴、学歴の壁を越えて、すべての人が、テクノロジーを武器にして活躍できる社会を目指し、日本国内にとどまらず世界中のどこでも受講ができるオンラインでのコース提供、卒業生による受託開発サービスや企業への就職サポートなどの様々な施策を推進しています。
当該協働合意書により、私たちはミャンマーの若者たちにプログラミング教育を提供して、確固たる雇用機会や自立支援を創造するエコシステムを構築し、実務で活躍できる人材の輩出を目指します。

ပူးပေါင်းဆောင်ရွက်မှုသဘောတူညီလွှာ၏ရည်ရွယ်ချက်
DIVE INTO CODE သည် လူမျိုး၊ နိုင်ငံသား၊ အသက်အရွယ်၊ လုပ်ငန်းအတွေ့အကြုံ၊ ပညာအရည်အချင်း နံရံများကို ကျော်လွှား၍ လူသားအားလုံး နည်းပညာကို လက်နက်အဖြစ် အသုံးချဆောင်ရွက်နိုင်သောလူ့အဖွဲ့အစည်းကို ဉီးတည်ပြီး၊ ဂျပန်နိုင်ငံအတွင်းမှာသာ မရပ်တန့်ဘဲ ကမ္ဘာတဝှမ်း မည်သည့်နေရာ သင်ယူနိုင်သော အွန်လိုင်းသင်ရိုးထောက်ပံ့မှု၊ ကျောင်းပြီးသွားသူများမှ ဆော့ဝဲလ်လက်ခံဖန်တီးခြင်းဝန်ဆောင်မှုနှင့် လုပ်ငန်းများသို့ အလုပ်ဝင်ခြင်းထောက်ပံ့မှုများ စသည့် စီမံဆောင်ရွက်မှုအမျိုးမျိုးကို အားထည့်ဆောင်ရွက်လျက်ရှိပါသည်။
ဤပူးပေါင်းဆောင်ရွက်မှုသဘောတူညီလွှာအရ ကျွန်တော်တို့သည် မြန်မာနိုင်ငံ၏ လူငယ်များအတွက် ပရိုဂရမ်းမင်းသင်ကြားခြင်းကို ထောက်ပံ့ပေး၍ ခိုင်မာသောအလုပ်အကိုင်အခွင့်အလမ်းနှင့် မိမိဘာသာရပ်တည်နိုင်ရန် ကူညီထောက်ပံ့မှုကို တည်ဆောက်နိုင်ကာ လုပ်ငန်းခွင်တွင် လက်တွေ့အသုံးချနိုင်သည့်လူ့စွမ်းအားရင်းမြစ်များ အစဉ်မပြတ် ထွက်ပေါ်လာစေရန် ရည်ရွယ်ပါသည်။

■DIVE INTO CODE とは

「プロのエンジニアになるために挑戦する人が、チャンスをつかめる場をつくる」をビジョンに掲げ、Web/機械学習エンジニアとして就職することを目指す人を対象としたITエンジニア育成スクールです。2015年10月よりスクール事業を開始。現在までに、累計で約4,000名がセミナーやスクールを受講。Webエンジニアコースと機械学習エンジニアコースを提供しています。

DIVE INTO CODE ဆိုသည်မှာ
“ကျွမ်းကျင်အင်ဂျင်နီယာဖြစ်ရန် စိန်ခေါ်ကြိုးစားမည့်သူများမှ အခွင့်အရေးကို ဆုပ်ကိုင်နိုင်သောနေရာဖန်တီးခြင်း” ကို ဗွီးရှင်းအဖြစ်ထားရှိကာ Web/လူလုပ်ဉာဏ်ရည်တု (AI) အင်ဂျင်နီယာအဖြစ် အလုပ်လုပ်ကိုင်ရန် ရည်မှန်းချက်ရှိသူများကို ရည်ရွယ်သော IT အင်ဂျင်နီယာ ပြုစုပျိုးထောင်သည့်ကျောင်းဖြစ်ပါသည်။ ၂၀၁၅ခုနှစ် အောက်တိုဘာလမှ ကျောင်းလုပ်ငန်းကို စတင်ခဲ့ပြီး လက်ရှိတိုင် စုစုပေါင်း အယောက် ၄၀၀၀ ခန့် ဟောပြောပွဲများနှင့်ကျောင်းတွင် သင်ယူခဲ့ကြပါတယ်။ Web အင်ဂျင်နီယာသင်ရိုးနှင့် လူလုပ်ဉာဏ်ရည်တု (AI) သင်ရိုးကို သင်ကြားပေးနေပါသည်။

■Clover Mandalay Co., Ltdとは

Clover Mandalay Co., Ltdは、「日緬関係がこれから親密になり、たくさんのコミュニケーションをすることにより起こる、言語の壁を越えられるようにする」という目的で、翻訳会社として2017年4月に設立されました。同時に「KAKEHASHI」という日本語学校も設立し、日本への留学、就職を目指す若者に日本語教育の基礎(N5)から上級(N1)までを学習できる教育機関として活動をしてきました。2018年には、日本語学校を2拠点に増やし、どちらもマンダレー市にあります。現在までに300人以上の学生が受講し、在学中の学生は150名以上います。

Clover Mandalay Co., Ltd ဆိုသည်မှာ
နှစ်နို်င်ငံဆက်ဆံရေးကောင်းမွန်တိုးတက်လာသည်နှင့်အမျှ ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား ကူးလူးဆက်နွယ်မှုများဆောင်ရွက်ရာတွင် ဘာသာစကားအခက်အခဲကို ကျော်လွှားနိုင်ရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၇ ခုနှစ် ဧပြီလတွင် ဘာသာပြန်ဝန်ဆောင်မှုကုမ္ပဏီအဖြစ် စတင်တည်ထောင်ခဲ့သော ကုမ္ပဏီဖြစ်ပါသည်။ တစ်ချိန်တည်းတွင် “KAKEHASHI” အမည်ရှိ ဂျပန်ဘာသာစကားသင်တန်းကျောင်းကို တည်ထောင်၍ ဂျပန်နိုင်ငံသို့ သွားရောက် ပညာသင်ကြားလိုသည့်၊ အလုပ်လုပ်ကိုင်လိုသည့် လူငယ်များအတွက် ဂျပန်ဘာသာ အခြေခံ (N5) မှ အဆင့်မြင့်တန်းခွဲ (N1) အထိ သင်ကြားပေးလျက်ရှိပါသည်။ သင်တန်းကျောင်းနေရာအဖြစ် ၂နေရာ မန္တလေးမြို့တွင် တည်ရှိပြီး၊ လက်ရှိတွင် တက်ရောက်ပီးခဲ့သော သင်တန်းသား ၃၀၀ ခန့်နှင့် တက်ရောက်ဆဲ သင်တန်းသား ၁၅၀ ခန့်ရှိပါသည်။

■DIVE INTO CODE の特色

1.実践的な「問題解決能力」が身につく
プロのエンジニアに必要なのは、あるべき状態と現状のギャップを見つけ、どうすればできるかを考え、決断し、実行する力。 実践的な課題を突破することで、イチから身につけていただきます。

2.学びと実践機会をつかめる「仲間」ができる
同期生や現役エンジニアとのペアプロ、ディスカッションを通して、自分にない観点に気づき、学習スピードと効果を最大限に高めていただきます。 切磋琢磨した間柄では、開発の委託や共同開発、採用内定などの実践機会が生まれています。

3.結果にコミットした就職サポートがある
教え手と学び手が全力を尽くしたとき、奇跡は起こる。 目的を就職に定め、覚悟を決めて本気で学ぶ方にこそ、私たちは本気で向き合います。 過去の経験や年齢、学歴、性別ではなく、諦めない心を大切にしています。

DIVE INTO CODE ၏ထူးခြားချက်
၁။ လက်တွေ့အသုံးချနိုင်သော “ပုစ္ဆာဖြေရှင်းခြင်းစွမ်းရည်” ရရှိခြင်း
ကျွမ်းကျင်အင်ဂျင်နီယာတစ်ယောက်တွင် လိုအပ်သည်မှာ ရှိသင့်သောအခြေအနေနှင့် လက်ရှိအခြေအနေ၏ ကွာဟမှုကို ရှာဖွေတွေ့ရှိ၍ မည်သို့လုပ်ဆောင်နိုင်သည်ကို စဉ်းစားကာ၊ ဆုံးဖြတ်ကာ၊ လက်တွေ့လုပ်ဆောင်သည့်စွမ်းရည် ဖြစ်ပါသည်။ လက်တွေ့အသုံးချပုစ္ဆာများကို ကျော်ဖြတ်ခြင်းဖြင့် တစ် မှ စတင် လေ့လာစေမှာဖြစ်ပါသည်။

၂။ သင်ယူခြင်းနှင့် လက်တွေ့အသုံးချအခွင့်အလမ်းကို ဆုပ်ကိုင်မည့် “မိတ်ဆွေအပေါင်းအသင်းများ” ရရှိခြင်း
အတန်းတူသူငယ်ချင်းများ၊ လုပ်ငန်းခွင်ဝင်ရောက်နေသည့်အင်ဂျင်နီယာများနှင့် အတူတကွ ပရိုဂရမ်းမင်းရေးခြင်း၊ ဆွေးနွေးခြင်းများမှတဆင့် မိမိတွင်မရှိသောအမြင်ကို သတိထားမိကာ သင်ယူမှုနှုန်းနှင့် အကျိုးရလဒ်များကို အမြင့်ဆုံးအထိ မြှင့်တင်သွားမှာဖြစ်ပါသည်။ အတူတကွလုံလစိုက်ထုတ်မှု၊ အားပေးမှုဆက်ဆံရေးများတွင် ဆော့ဝဲလ်ဖန်တီးရန်အပ်နှံမှုနှင့် အတူတကွဆော့ဝဲလ်ဖန်တီးမှု၊ အလုပ်ခန့်အပ်ခြင်းကြိုတင်ရရှိမှုစသည့် လက်တွေ့အခွင့်အလမ်းများ ပေါ်ပေါက်နေပါသည်။

၃။ ရလဒ်ရရှိရန်အစွမ်းကုန်ကြိုးစားခြင်းနှင့်ကတိပြုသောအလုပ်ရှာဖွေခြင်းထောက်ပံ့မှုရှိခြင်း
သင်ပေးသူနှင့် သင်ယူသူမှ အစွမ်းကုန်ကြိုးပမ်းသည့်အားထုတ်လိုက်သည့်အခါ အံ့သြမှုများ ဖြစ်လာပါသည်။ ရည်မှန်းချက်ကို အလုပ်ရရှိရန်သတ်မှတ်ပြီး၊ စိတ်ပိုင်းဖြတ်ဆုံးဖြတ်၍ လေးနက်သောစိတ်ဖြင့်လေ့လာသူများဖြစ်သည့်အလျှောက် ကျွန်တော်တို့မှ လေးနက်သောစိတ်ဖြင့် ပြုမူဆက်ဆံပါသည်။ အတိတ်မှအတွေ့အကြုံများ၊ အသက်အရွယ်၊ ပညာအရည်အချင်း၊ ကျားမ ကွဲပြားမှုကို မဟုတ်ဘဲ ရင်ဆိုင်ကျော်လွှားချင်တဲ့စိတ်ကို တန်ဖိုးထားပါသည်။

■本件に関するお問い合わせ先

DIVE INTO CODE 事務局 担当:野呂
E-mail: cs@diveintocode.jp TEL: 03-5459-1808 FAX: 03-5459-1809

ဤကိစ္စနှင့်စပ်လျဉ်း၍ဆက်သွယ်ရန်လိပ်စာ
DIVE INTO CODE ရုံးခန်း တာဝန်ခံ:မစ္စတာ နိုရို
E-mail: cs@diveintocode.jp TEL: 03-5459-1808 FAX: 03-5459-1809

Clover Mandalay Co., Ltd ရုံးခန်း တာဝန်ခံ:ဒေါ်ချစ်စုဝေ
Email: info@clovermandalay.com TEL: +959 769 80 4488
URL: www.clovermandalay.com
www.clovermandalay.org

ニュース一覧へ